Myanmar Naruto Fan Site
Would you like to react to this message? Create an account in a few clicks or log in to continue.

Konan : The Akatsuki Lady Angel

2 posters

Go down

Konan : The Akatsuki Lady Angel Empty Konan : The Akatsuki Lady Angel

Post  Uzumaki Naruto Mon May 03, 2010 12:45 pm

Konan : The Akatsuki Lady Angel 300px-Konan_first_appereance_in_the_anime
Konan

အဆင့်အတန်း - S-Class
မွေးနေ့ - February 20
အရပ် - 169.4 cm
အလေးချိန် - 45.3 kg
လိင် - မိန်းမ
သွေးအုပ်စု - O
လက်စွပ် - 白(အဖြူ)
လက်စွပ်နေရာ - ညာဘက်လက်ခလယ်
အရင်လုပ်ဖေါ်ကိုင်ဖက် - Nagato
ဆက်နွှယ်မှု - Amegakure
ယခင်ဆက်နွှယ်မှု - Akatsuki
ယခင်အဖွဲ့ - Ame Orphans
တာဝန် - Amegakure ခေါင်းဆောင်
အရင်တာဝန် - Nagato ရဲ့လက်ထောက်

Jutsu
- Dance of the Shikigami
- Paper Clone
- Paper Shuriken

Konan ဟာ Akatsuki မှာ တစ်ဦးတည်းသော အမျိုးသမီး Ninja ဖြစ်ပါတယ်... နောက်ပြီး Nagato ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပြီးတော့ Nagato အဖြစ်ခေါ်တဲ့တစ်ဦးတည်းသောသူပါ။ သူမဟာ အခုတော့ Amegakure ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေပါပြီ။

Konan : The Akatsuki Lady Angel 180px-Konan
Konan ငယ်စဉ်က
သူမငယ်စဉ်တုန်းက .... Konan ရဲ့ မိသားစုဟာ Second Great Shinobi World War (ဒုတိယအကြီးဆုံး Shinobi ကမ္ဘာစစ်ပွဲ) အတွင်း အသတ်ခံခဲ့ရပါတယ်။ ဒါနဲ့ပဲ သူမကိုယ်သူမ ကာကွယ်ဖို့အတွက် ထွက်လာခဲ့ပါတယ်။ အချိန်တော်တော်ကြာတဲ့အခါမှာ Yahiko ဟာ Konan ကိုရှာတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်ရှင်ဖို့အလုပ်တူတူလုပ်ခဲ့ကြပါတယ်...
အဲ့လိုတွေ့ပြီးမကြာခင်မှာ ... Konan ဟာလမ်းလျှောက်ထွက်ရင်းနဲ့ သေလုမြောပါးဖြစ်နေတဲ့ Nagato နဲ့ သူရဲ့ခွေး Chibi ကိုတွေ့ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ Nagato ကိုကယ်လာခဲ့ပြီးတော့ Yahiko ရဲ့ ပုန်းကွယ်တဲ့နေရာကိုခေါ်ခဲ့ပါတယ်... ဒီလိုနဲ့ပဲ သူတို့အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ သူတို့သုံးယောက်ဟာ နောက်ဆုံးမှာ Sannin သုံးယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ Sannin တွေက သူတို့ကို အစာအချို့ပေးပါတယ်။
Konan ဟာ သူ့မှာရှိတဲ့ စက္ကူထုပ်နဲ့ အနုစိပ်ပြုလုပ်ထားတဲ့ ပန်းလေးကိုပြုလုပ်ခဲ့ပြီးတော့ Sannin သုံးယောက်ရဲ့စိတ်မှာထင်မှတ်စေခဲ့ပါတယ်။ Jiraiya ဟာ သူမကို သုံးယောက်ထဲမှာ အကြင်နာတတ်ဆုံးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ Jiraiya ဟာ သူတို့ကို Ninjutsu သင်ကြားပေးခဲ့ပါတယ်။ သူတို့သုံးယောက်လုံးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတဲ့အခါမှာတော့ Jiraiya ဟာသူတို့သုံးယောက်ကို ထားခဲ့ပါတယ်။
အချိန်တော်တော်ကြာသွားတဲ့အခါမှာ သူတို့သုံးယောက်ဟာ ကြီးမားတဲ့အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါတယ်... သူတို့ရဲ့ စွမ်းအင်နဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ကျော်စောထင်ရှားလာပါတယ်။ သူတို့ရဲ့ သတင်းဟာ Jiraiya ဆီကိုတောင်ရောက်သွားခဲ့ပါတယ်...
Hanzō, Amegakure ရဲ့ခေါင်းဆောင်ဟာ သူတို့သုံးယောက်က သူ့ကိုဖြုတ်ချနိုင်တယ်ဆိုပြီးတော့ ကြောက်ရွံ့ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူနဲ့ Konoha က Danzō တို့ဟာ အဲ့ဒီအဖွဲကို သစ္စာရှိရှိ ငြိမ်းချမ်းရေးယူရန် တွေ့ဆုံဖို့ လိမ်လည်လှည့်ဖြားခဲ့ပါတယ်။ Nagato နဲ့ Yahiko ဟာသူတို့နဲ့တွေ့ဖို့သွားတဲ့အခါမှာ သူတို့ဟာ Konan ကိုဖမ်းဆည်းပြီးတော့ Konan ရဲ့အသက်ကို ကယ်ဖို့ Yahiko ကိုသတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ Konan ဟာငိုပြီးတော့ သူ့ကိုထားပြီး ထွက်ပြေးဖို့သူတို့ကိုပြောခဲ့ပါတယ်။
ဒါပေမယ့် သူတို့ဟာ Konan ကိုထားခဲ့ဖို့ကို ငြင်းပယ်လိုက်ကြပါတယ်။ Nagato ဟာ အမိန့်ကြောင့် ရွေးချယ်ရခက်နေတုန်းမှာ Yahiko ဟာ Nagato လက်ထဲမှာကိုင်ထားတဲ့ Kunai နဲ့သူကိုယ့်သူ ထိုးလိုက်ပါတယ်...။ နောက်တော့ Nagato ဟာ Konan ကိုကယ်တင်ခဲ့ပါတယ်... ထို့နောက် Konan ဟာ Nagato သွားသမျှနေရာမှန်သမျှကို အဖော်ပြုပြီးတော့ အတူသွားပါတော့တယ်။
Konan : The Akatsuki Lady Angel 180px-Konan%27s_first_shown_origami
Konan လက်ဆောင်ပေးခဲ့တဲ့ Origami (စက္ကူပန်း)

Konan ဟာ ဥပေက္ခာပြုတတ်တယ်... ငြိမ်သက်တယ်... နောက်ပြီးတော့ ထိုးထွင်းဉာဏ်ရှိပြီးမျှတမှုရှိအောင် ချင့်ချိန်တတ်ပါတယ်... (သူမရဲ့လုပ်ဖော်ကိုင်ဖက် Nagato နဲ့ဆင်တူပါတယ်)။ ကလေးဘ၀ကတည်းက Yahiko ရဲ့ခက်မာတဲ့ စိတ်သဘောထား ကိုယ်နေကိုယ်ဟန်ရယ် Nagato ရဲ့အာရုံသိမ်မွေ့တဲ့အဖြစ်တွေနဲ့နှိုင်းယျဉ်ရင် သူမဟာ ဉာဏ်ကောင်းတယ်... ကရုဏာသက်တတ်တယ်... နောက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေတာများပါတယ်။ ဘယ်လိုပင်ဖြစ်စေကာမူ.... သူမရဲ့စိတ်ထိခိုက်တဲ့အတွက်ပြောင်းသွားတဲ့စိတ် ဟာသူမကို အလွန်တည်ငြိမ်တဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲသွားစေပါတယ်။
နောက်ပြီးတော့ သူမဟာ Akatsuki အစည်းအဝေးတွေမှာ စကားလုံးဝမပြောပါဘူး... သို့ပေမယ့်လည်း သူမဟာ အမြဲလိုလို အဇွဲ့ဝင်တွေရဲ့ လုံခြုံမှုကို သူမကိုယ်ကိုယ်ထက်ပိုပြီးတော့ ဂရုစိုက်တာတွေရှိပါတယ်။
Konan : The Akatsuki Lady Angel 180px-Lady_Angel
စက္ကူတောင်ပံတွေနဲ့ Konan
သူမဟာ တခြား Akatsuki အဖွဲ့ဝင်အများစုထက်စာရင် စိတ်ချင်းစာနာမှု နားလည်မှုရှိပါတယ်။ သူမရဲ့အတိတ်ကိုပြန်သတိရတိုင်း Konan ဟာ ၀မ်းနည်းတဲ့ပုံပေါက်လာပါတယ်။ သူမဟာ Pein အတွက် အလွန်သစ္စာစောင့်သိပြီးတော့ ယဉ်ကျေးမှုရှိတဲ့သူအဖြစ် ဖော်ပြခြင်းခဲ့ရပါတယ် ... မေးခွန်ပြန်မမေးပဲ Pein ရဲ့အမိန့်ကိုလုပ်ဆောင်တယ်... Pein ရဲ့ကောင်းမွန်ရာကို ရှာဖွေတတ်သလို ... အမြဲတမ်း Pein ရဲ့ စွမ်းရည်အပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိသူဖြစ်ပါတယ်။ သူမှဟာ Pein နဲ့ Amegakure ကြားမှာ ကြားဝင်ဖြန်ဖြေသူအဖြစ်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွာသူရွာသားတွေက Konan ကို "God's Angel" (ဘုရားသခင်ရဲ့နတ်သမီး) လို့နာမည်ပေးခဲ့ကြပါတယ်။
အဲ့ဒီအကြောင်းအရာကြောင့် သူမရဲ့ စက္ကူတောင်ပံတွေပြုလုပ်လိုက်တဲ့အခါမှာ Konan ဟာ နတ်သမီးနဲ့တူနေပါတယ်...

Konan : The Akatsuki Lady Angel 180px-Konan_vs_jiraya
ဆရာဟောင်း Jiraiya နဲ့ယှဉ်ပြိုင်ချိန်က ...

Konan မှာ Pein ရဲ့မျက်နှာကဖော်ပြချင်းမရှိပဲနဲ့ သူ့ရဲ့လှုပ်ရှားမှုကို သိနိုင်တဲ့စွမ်းရည်ရှိပါတယ်... Pein နဲ့သိတာအလွန် ကြာတဲ့အတွက် ရလဒ်လို့ ထင်မှတ်ဖွယ်ရှိပါတယ်။ Uchiha Madara က Pein ကို Nine-Tailed Demon Fox ကိုဖမ်းဖို့အမိန့်ပေးတဲ့အချိန်မှာ Konan က အဲ့ဒီအမိန့်ပေးမှုဟာ သူမရဲ့ စိတ်ထိခိုက်လှုပ်ရှားလွယ်စွာ ထုံထိုင်းသွားတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကို တစ်စုံတစ်ရာ အလွန်အမင်း အနှောက်အယှက် ဖြစ်စေမယ် အရာတစ်ခုခုလို့ တစ်မဟုတ်ချင်းပြောနိုင်ခဲ့ပါတယ်.....
Konan : The Akatsuki Lady Angel 180px-Konan_and_Naruto_
Naruto ကိုငြိမ်းချမ်းရေးသင်္ကေတအဖြစ်ပန်းပေးတုန်းက..

အခြားအကြောင်းအရာတွေကတော့
- သူမဟာ Akatsuki အဖွဲ့ဝင်ဖြစ်ပေမယ့်လည်း Konan ဟာ Pein လို Missing-nin မဟုတ်ခဲ့ပါဘူး... သူတို့ဟာ Amegakure နိုင်ငံစစ်ထဲမှာ သူတို့ရဲ့ အဖွဲ့အောင်နိုင်မှုရရှိခဲ့လိုပါ
- သူမရဲ့နာမည်က "Little South" လို့အဓိပ္ပာယ်ရပါတယ်
- Konan ဟာ သူမရဲ့ မွေးနေ့နဲ့ သွေးအုပ်စုကို အဖွဲ့ဖော်ဟောင်း Yahiko နဲ့ မျှဝေခဲ့ပါတယ်
- Konan ဟာ သူမ Akatsuki ကို ၀င်ရောက်ရခြင်းရဲ့အကြောင်းအရာက "Love" ကြောင့်လို့ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
- Konan ဟာ Akatsuki ကနေ ချို့ယွင်းချက်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ဒုတိယအဖွဲ့ဝင်ဖြစ်ပါတယ်... ပထမကတော့ Orochimaru ပါ
- Konan က ပန်းတွေမှာဆွဲဆောင်မှုအဓိပ္ပာယ်ရှိတယ်လို့ထင်ခဲ့ပါတယ်... အဲ့အတွက် သူကတစ်ခုကို ဆံပင်မှာဝတ်ဆင်ထားပါတယ်... နောက်ပြီးတော့ Sannin တွေကို စက္ကူပန်းလေးတွေလက်ဆောင်ပေးခဲ့ပါတယ်... Naruto ကိုတော့ ငြိမ်းချမ်းရေးသင်္ကေတအဖြစ်လက်ဆောင်ပေးခဲ့ပါတယ်
- Konan ခေါင်းပတ်ဝတ်ဆင်တဲ့အချိန်ဟာ သူမရယ် Yahiko ရယ် Nagato ရယ် Shinobi အနည်းငယ်နဲ့ Amegakure မှာ စတင်အဖွဲ့ဖွဲ့တုန်းကပါ
- Konan ရဲ့ဝါသနာတွေကတော့ Origami (Japan တွေရဲ့စက္ကူကိုဆွဲဆောင်မှုရှိအောင်ခေါက်တဲ့အနုပညာ) ရယ် Flower Pressing (ပန်းကိုပြားအောင်လုပ်ပြီးအလှဆင်ခြင်း) ဖြစ်ပါတယ်...
Uzumaki Naruto
Uzumaki Naruto
Hokage
Hokage

Posts : 3
Join date : 2010-04-26
Age : 32
Location : Yangon

http://mnfs.narutorpg.org

Back to top Go down

Konan : The Akatsuki Lady Angel Empty About Konan

Post  Hidan Sun Sep 19, 2010 8:06 pm

ကျွန်တော်သိထားတဲ့Konanရဲ့အခြားအကြောင်းအရာတစ်ခုကတော့
Naruto SeriesထဲမှာအချာဆုံးFemale ninjaတစ်ယောက်ပေါ့ဗျာ Very Happy
Hidan
Hidan
Academy Student
Academy Student

Posts : 2
Join date : 2010-09-17
Age : 28
Location : Ygn

http://hidan2.multiply.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum